ဒီလိုဆိုရင် အရက်သောက်ပြီး အရက်နာကျတာကို ဘယ်လိုရှောင်းရှားနိုင်မလဲ။ အောက်ပါအချက် တွေဟာ အရက်သောက်ပြီး နောက်တစ်နေ့ မအီမသာ ဖြစ်တာ၊ ခေါင်းအရမ်းကိုက်တာကို ရှောင်ရှားနိုင်မဲ့ ၁၀ ချက်ဖြစ်ပါတယ်။ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
အရက်မသောက်မှီ
၁။ ကာဗွန်ဟိုက်ဒရိတ် များများစားပါ။
အရက်နာကျတယ်ဆိုတာ အရက်ဘယ်လောက်များများ သောက်တယ်ဆိုတာနဲ့ ချည်းပဲ မဆိုင်ပါဘူး။ ကိုယ်အရက်မသောက်ခင်၊ အရက်သောက်ချိန်မှာ ဘာစားသလဲ ဆိုတဲ့အပေါ်မှာလဲ အများကြီးမူတည်ပါတယ်။
ဒါကြောင့် အရက်များများ သောက်တော့မယ်ဆိုရင် ကာဗွန်ဟိုက်ဒရိတ် များများပါတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ထမင်း တွေစားတာဟာ အသီးအရွက်ပဲ စားတာထက် ပိုကောင်းပါတယ်။
ဒါ့အပြင် ပရိုတင်းဓာတ် များများပါတဲ့ အသားတွေကို စားသုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားမှာပါတဲ့ အမီနိုအက်စစ်နဲ့ ဗိုက်တာမင် ဘီဓာတ်ဟာ အရက်ကနေထုတ်ပေးတဲ့ ဓာတုပါဝင်ပစ္စည်းတွေကို ချေဖျက်ရာမှာ အထောက်အကူ ပေးလို့ဖြစ်ပါတယ်။
၂။ ကောင်းမွန်စွာ အနားယူပါ။
ဒါကိုတော့ လူတိုင်း သိမယ်လို့ ယုံကြည်ပါတယ်။ အိပ်နေတာဟာ အရက်နာကျတာကို ကာကွယ်ပေးမှာ မဟုတ်ပေမဲ့ ခန္ဒာကိုယ်မှာ ရှိတဲ့ ခုခံအားကို ပိုမိုကောင်းမွန်စေတဲ့အတွက် အရက်အများကြီးသောက်တာကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ပေးပါတယ်။
ကိုယ့်ခန္ဒာကိုယ်က အရက်အများကြီးသောက်တာကို ခံနိုင်ရည်ရှိတာက ပိုကောင်းတယ်မဟုတ်လား။
၃။ Multivitamin များများ မှီဝဲပါ။
အရက်နာကျတာဟာ ခန္ဒာကိုယ်မှာ ရှိတဲ့ ရေဓာတ်ကုန်ခမ်းသွားလို့ ဖြစ်တယ်ဆိုပြီး လူအများ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ခန္ဒာကိုယ်တွင်း လောင်ကျွှမ်းမှုနဲ့ ခန္ဒာကိုယ်မှာ ရှိတဲ့ ဆဲလ်လေးတွေမှာ အောက်ဆီဂျင်ဓာတ် အလုံအလောက် မရရှိ ခြင်းပါ။
ဒီလိုဖြစ်တာကို ကာကွယ်ဖို့ အရည်မသောက်ခင် multivitatmin တွေများများ ဖြစ်ဖြစ်၊ သလဲသီး ဖျော်ရည် ဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။
အရက်သောက်ချိန်
၎။ ဆေးလိပ် မသောက်ပါနဲ့
အရက်သောက်နေချိန်မှာ ဆေးလိပ်သောက်တာဟာ အရက်နာကျဖို့ ရာခိုင်နှုန်းပို များစေသလို အရက်နာကျတာကို ပိုမို ပြင်းထန်စေပါတယ်။ ဒါကြောင့် အရက်နာကျတာကို ကာကွယ်ချင်ရင် အရက်သောက်နေချိန် ဆေးလိပ်သောက်တာကို ရှောင်ပါ။
၅။ အရက် အပြင်းတွေကို ရှောင်ပါ။
ရှန်ပိန်၊ ဝီစကီ၊ ဝိုင်အနီ နဲ့ ဘရန်ဒီဟာ အရက်နာကျဖို့ ရာခိုင်နှုန်းပိုများပြီး ဝိုင်အဖြူ၊ ဝေါ့ဒ်ကာ၊ ဂျင်နဲ့ ဘီယာဟာ အရက်နာကျဖို့ ရာခိုင်နှုန်းပိုနည်းပါတယ်။
ဒါ့အပြင် တန်ဖိုးကြီးတဲ့ (ဈေးကြီးတဲ့) အရက်တွေဟာ အရက်နာကျစေတဲ့ ကွန်ဂျီနာ ဓာတ်ပါဝင်နှုန်းနည်းတာမို့ အရက်နာကျဖို့ ရာခိုင်နှုန်း နည်းစေပါတယ်။ နောက်တစ်ခုက ဘီယာတို့ ရှန်ပိန်တို့မှာပါတဲ့ အမြုပ်တွေကို ရှောင်ရှားတာဟာလဲ အရက်နာကျဖို့ ရာခိုင်နှုန်း နည်းစေပါတယ်။
၆။ ဆိုဒါအစား အသီးဖျော်ရည်သောက်ပါ။
ဝီစကီလေးကို ဆိုဒါလေးနဲ့ ရေခဲလေးနဲ့ ရောသောက်တဲ့ အရသာကို အများစုကြိုက်ကြမှာပါ။ ဒါပေမဲ့ အသီးဖျော်ရည်ဟာ ဗိုက်တာမင်ဓာတ် ပါဝင်တဲ့အတွက် ဆိုဒါထက် ပိုကောင်းပါတယ်။
အိပ်ယာ မဝင်မှီ
၇။ ရေအလွန်အကျွှံ မသောက်ပါနဲ့
အရက်နာကျတယ်ဆိုတာဟာ ခန္ဒာကိုယ်မှာ မကောင်းတဲ့ ရေဓာတ်သိပ်များသွားတဲ့အပြင် ကောင်းတဲ့ ရေဓာတ် လုံလုံလောက်လောက်မရှိလို့ဖြစ်တယ်ဆိုတာ မှန်ပါတယ်။
ဒါပေမဲ့ အိပ်ခါနီး ရေအလွန်အကျွှံ သောက်တာဟာ ခန္ဒာကိုယ်မှာ မလိုအပ်တဲ့ ဖိစီးမှုကို ဖြစ်စေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။ ရေများများ သောက်ရင် အပေါ့ ခဏခဏသွားရတာမို့ အိပ်နေတာကို အနှောက်အယှက် ဖြစ်စေပါတယ်။
ဒါကြောင့် အရက်များများ သောက်ရင် အိပ်ခါနီး ရေတစ်ခွက်လောက်သောက်ပါ။ ရေအရမ်းဆာနေမှ နောက်တစ်ခွက်သောက်ပါ။ မနက်ထလာလို့ အာခေါင်ခြောက်နေချိန်မှာ သောက်ဖို့ ရေတစ်ခွက် လောက် အိပ်ရာဘေးမျာ ထားထားရင် လုံလောက်ပါပြီ။
၈။ အိပ်ရေးဝဝ အိပ်ပါ
အိပ်ရေးပျက်တာကြောင့် အရက်နာကျမှာ မဟုတ်ပေမဲ့ အိပ်ရေးပျက်ရင် အရက်နာကျတာကို ပိုမိုဆိုးဝါး စေပါတယ်။ ဒါ့အပြင် အရက်သောက်ထားတဲ့ အတွက် ခန္ဒာကိုယ်မှာရှိတဲ့ အရက်တွေဟာ အိပ်နေတဲ့အချိန် ခန္ဒာကိုယ်ကို အနှောက်အယှက်ပေးတတ်ပါတယ်။
ဒါကြောင့် အနည်းဆုံးတော့ ဘေးပတ်ဝန်းကျင် ဆူညံသံတွေကြောင့် အိပ်ရေးပျက်တာမျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။
မနက် ထလာချိန်
၉။ ကြက်ဥကြော် စားပါ။ စပရိုက်သောက်ပါ။
ဟုတ်ပါတယ်။ ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ ခေါင်းကိုက်စေတဲ့ အဆိပ်အသောက်ကို ဖယ်ရှားပေးတဲ့ စီစတင်း ဆိုတဲ့ ဓာတ်ကြွယ်ဝတဲ့အတွက် စားကိုစားသင့်တဲ့ အစားအစာဖြစ်ပါတယ်။
စပရိုက်နဲ့ သာမန် ဆိုဒါဟာ ခန္ဒာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို လျင်မြန်စေတဲ့ အတွက် သောက်သုံး သင့်ကြောင်း သုတေသန လေ့လာမှုတွေအရ သိရပါတယ်။
၁၀။ လေကောင်းလေသန့် ရှူပါ
အောက်စီဂျင်ဟာ အရက်မှာပါတဲ့ အဆိပ်အသောက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အတွက် ခေါင်းကိုက်နေရင် အိပ်ရာထဲလှဲနေတာထက် အပြင်ထွက် လေကောင်းလေသန့်ရှူပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်း လုပ်နိုင်အကောင်းဆုံးပေါ့။
နောက်ဆုံးအနေနဲ့ လုပ်သင့်တာကတော့ အရက်များများ သောက်တာကို လျှော့ဖို့ပါ။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ သောက်တာ ပြဿနာမရှိပေမဲ့ အရက်များများသောက်တာ အကြိမ်ရေများလာရင် ခန္ဒာကိုယ်မှာရှိတဲ့ ကျောက်ကပ် နဲ့ အသည်းကို ပျက်စီးစေပါတယ်။
ဒီလောက်ဆိုရင် အရက်နာကျတာနဲ့ ပတ်သက်ပြီး တော်တော်လေး သိသွားလောက်ပြီးလို့ ယုံကြည်ပါတယ်။
No comments:
Post a Comment